About Me

I lead a ministry called “Bawathit Elim Myanmar”. After being saved in the Philippines then attended bible school. I Graduated with Master of Arts in Christian Leadership from Manila, Philippines.

Right after I finished my study. I went back to Myanmar with a heart to reach out the lost people here in Myanmar. At first I didn’t know how to start or where to start. But I remember that God gave me a miracle of being able to speak in English so miraculously so I started English Speaking Classes. Then I had some young people getting saved then the story continues.

Our Church was started as a fellowship and then in 2007, we started as a Church in Yangon.

God has given us 8 different churches. We only plant a Church where there are no christians yet. It has be hard but God has been Good!!

Robinkung
Robinkung2 days ago
ယုံကြည်ခြင်းမရှိဘဲ ဘုရားနဲ့လျှောက်လှမ်းလို့ မရဘူး။ မေတ္တာမရှိဘဲ နာခံခြင်းက တာဝန်တစ်ခုလို ဖြစ်သွားနိုင်တယ်။ နာခံခြင်းမရှိဘဲ ယုံကြည်ခြင်းနဲ့ မေတ္တာကို စကားနဲ့ပြောနေရုံက အသီးဖြစ်မလာနိုင်ဘူး။

ယုံကြည်ခြင်းက ဘုရားကို မှီခိုစေတယ်။ မေတ္တာက ဘုရားအတွက် လုပ်ဆောင်ချင်စေတယ်။ နာခံခြင်းက အဲဒီယုံကြည်ခြင်းနဲ့ မေတ္တာကို လက်တွေ့အသက်တာထဲမှာ မြင်စေတယ်။

သစ်ပင်က အမြစ်ကြောင့် အသက်ရှင်ပြီး အရွက်နဲ့ အသီးအားဖြင့် အပြင်မှာ ပေါ်လာသလို၊ ခရစ်ယာန်အသက်တာမှာလည်း အတွင်းမှာရှိတဲ့ ယုံကြည်ခြင်းနဲ့ မေတ္တာက အပြင်မှာ နာခံခြင်းအဖြစ် ပေါ်ထွက်လာရတယ်။

ယုံကြည်တယ်လို့ ပြောရုံနဲ့ မပြီးဘူး။ မေတ္တာရှိတယ်လို့ ပြောရုံနဲ့လည်း မပြီးဘူး။ ဘုရားစကားကို နာခံပြီး အသက်ရှင်တဲ့အခါ မှသာ အသီးပေါ်လာတယ်။

ငါ​သည် ငါ့​ခ​မည်း​တော်၏​ပ​ညတ်​တို့​ကို စောင့်​ရှောက်၍ ခ​မည်း​တော်၏​မေ​တ္တာ၌ တည်​နေ​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​လျှင်၊ ငါ့​မေ​တ္တာ၌ တည်​နေ​ကြ​လိမ့်​မည်။ ရှင်ယောဟန်‬ ‭15‬:‭10‬ ‭

အမြစ်ကောင်းပါစေ။ မေတ္တာနဲ့ လှုံ့ဆော်ခြင်းကိုခံရပါစေ။ နာခံခြင်းနဲ့ အသီးသီးပါစေ။

ယုံကြည်ခြင်းက အမြစ်ပါ။
မေတ္တာက လှုံ့ဆော်မှုပါ။
နာခံခြင်းက အသီးပါ။

#Word4uToday
#RobinSharing
#MyDevotion
Robinkung
Robinkung2 days ago
October.4.2026 | 11:00 AM Service
Worship Leader : Esther Win Tin
Speaker : Pastor Robin Kung
——–
ဘ၀သစ်နဲ့ စိမ်းနေသေးသူများ
www.bawathitchurch.com/new
အသင်းဝင်ဖြစ်လိုသူများ
www.bawathitchurch.com/membership
ပေးကမ်းခြင်းဖြင့် ပါဝင်လိုသူများ
www.bawathitchurch.com/give
ကျေးဇူးတင်ပါတယ်။ အားလုံးမိတ်ဆွေများလည်း ခွန်အားယူနိုင်ဖို့ မျှဝေပေးပါ။
Robinkung
Robinkung
Robinkung2 days ago
October.4.2026 | 11:00 AM Service
Worship Leader : Esther Win Tin
Speaker : Pastor Robin Kung
——–
ဘ၀သစ်နဲ့ စိမ်းနေသေးသူများ
www.bawathitchurch.com/new
အသင်းဝင်ဖြစ်လိုသူများ
www.bawathitchurch.com/membership
ပေးကမ်းခြင်းဖြင့် ပါဝင်လိုသူများ
www.bawathitchurch.com/give
ကျေးဇူးတင်ပါတယ်။ အားလုံးမိတ်ဆွေများလည်း ခွန်အားယူနိုင်ဖို့ မျှဝေပေးပါ။
Robinkung
Robinkung
Robinkung2 days ago
October.4.2026 | 9:00 AM Service
Worship Leader : Esther Win Tin
Speaker : Cho Mar Lwin
——–
ဘ၀သစ်နဲ့ စိမ်းနေသေးသူများ
www.bawathitchurch.com/new
အသင်းဝင်ဖြစ်လိုသူများ
www.bawathitchurch.com/membership
ပေးကမ်းခြင်းဖြင့် ပါဝင်လိုသူများ
www.bawathitchurch.com/give
ကျေးဇူးတင်ပါတယ်။ အားလုံးမိတ်ဆွေများလည်း ခွန်အားယူနိုင်ဖို့ မျှဝေပေးပါ။
Robinkung
Robinkung
Robinkung3 days ago
လူတိုင်းက အသီးများချင်ကြတယ်။
အောင်မြင်ချင်တယ်။
ဘုရားသခင်အသုံးပြုတာကို ခံချင်တယ်။
ဘဝမှာ ရလဒ်ကောင်းတွေ မြင်ချင်ကြတယ်။

ဒါပေမယ့် အသီးမပေါ်ခင် အမြစ်ကောင်းဖို့လိုတယ်။ ရလဒ်မပေါ်ခင် သစ္စာရှိဖို့လိုတယ်။

ဘယ်သူမှ မမြင်တဲ့အချိန်မှာ သစ္စာရှိပါ။
လူတွေ မချီးမွမ်းတဲ့အချိန်မှာ သစ္စာရှိပါ။
အခက်အခဲရှိတဲ့အချိန်မှာ သစ္စာရှိပါ။
အခွင့်အရေးသေးသေးလေးမှာတောင် သစ္စာရှိပါ။
ကိုယ်အသင်းတော်မှာလည်း သစ္စာရှိပါ။ မှန်မှန်တက်ပါ၊ ဟိုသွားဒီသွားမလုပ်နဲ့။

ဘုရားသခင်က သင့်ကို အသီးများစွာ သီးစေချင်သလို၊ အဲဒီအသီးကို ထိန်းသိမ်းနိုင်မယ့် သစ္စာရှိတဲ့အသက်တာကိုလည်း တည်ဆောက်ချင်တယ်။

ငါ၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့၌​တည်​နေ​မည်။ စ​ပျစ်​ခက်​သည် အ​ပင်၌​မ​တည်​လျှင်၊ ကိုယ်​အ​လို​အ​လျောက် အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ၌​မ​တည်​လျှင် အ​သီး​မ​သီး​နိုင်​ကြ။- ငါ​သည် စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ သင်​တို့​သည် အ​ခက်​များ​ဖြစ်​ကြ၏။ အ​ကြင်​သူ​သည် ငါ၌​တည်၍ ငါ​သည်​လည်း သူ၌​တည်၏၊ ထို​သူ​သည် များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။ ငါ​နှင့်​ကွာ​လျှင် သင်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ကြ။ ရှင်ယောဟန်‬ ‭15‬:‭4‬-‭5‬ ‭

အသီးကို မမြင်ရခင် အမြစ်ကို တည်ဆောက်ပါ။
ကောင်းကြီးကို မတောင်းခင် သစ္စာရှိပါ။ ဘုရားအသုံးပြုမယ့်သူ ဖြစ်ချင်ရင် ဘုရားထံ သစ္စာရှိစွာ ဆက်ကပ်ပါ။

သစ္စာရှိတဲ့အသက်တာ မရှိဘဲ အသီးများတဲ့အသက်တာကို မရနိုင်ဘူး။
တည်ခြင်းက အသီးသီးစေတာ
ဟိုကိုင်းကူး ဒီကိုင်းကူးခြင်းက သီးစေတာ မဟုတ်ဘူး။ သစ္စာရှိခြင်းကို ဘုရားက ရှာတယ်။

#Word4uToday
#RobinSharing
#MyDevotion
Robinkung
Robinkung4 days ago
ဘဝမှာ အရာရာကို ကိုယ်တိုင်ထိန်းချုပ်ဖို့ ကြိုးစားမနေပါနဲ့။

ဘုရားကို ယုံပါ။ စိတ်ချပါ။
ဘုရားကို ကိုးစားပါ။
ဘုရားကို မှီခိုပါ။

ကိုယ်မသိတဲ့ လမ်းကို ဘုရားသိတယ်။
ကိုယ်မမြင်သေးတဲ့ အဆုံးကို ဘုရားမြင်တယ်။
ကိုယ်မတတ်နိုင်တဲ့အရာကို ဘုရားတတ်နိုင်တယ်။

တံခါးတစ်ခုပိတ်သွားတဲ့အခါလည်း “ဘာကြောင့်လဲ” ဆိုပြီး စိတ်ပျက်မနေပါနဲ့။ တစ်ခါတလေ ကိုယ်သွားချင်တဲ့လမ်းက ကိုယ့်အတွက်မဟုတ်တာကို ဘုရားသိလို့ တားထားတာ ဖြစ်နိုင်တယ်။

ဘုရားပို့တဲ့နေရာကို သွားပါ။
ဘုရားတားတဲ့နေရာမှာ ရပ်ပါ။
ဘုရားပို့ဆောင်တဲ့လမ်းကို လိုက်ပါ။
ရလဒ်ကိုတော့ ဘုရားလက်ထဲ အပ်ထားပါ။

“ကိုယ်​အ​မှု​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား၌ အပ်​လော့။ ကိုယ်​တော်​ကို ကိုး​စား​လော့။ သို့​ပြု​လျှင် စီ​ရင်​တော်​မူ​မည်။” ဆာလံ‬ ‭37‬:‭5‬ ‭

ဒီနေ့ သင်ကိုယ်တိုင် ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ ဘယ်အရာကို ဘုရားလက်ထဲ အပြည့်အဝ အပ်နှံဖို့လိုနေသလဲဆိုတာကို ဆင်ခြင်ပါ။

ဘုရားပို့ရင် ရောက်မယ်။
ဘုရားမစရင် အဆင်ပြေမယ်။
ဘုရားကွယ်ကာရင် လုံခြုံမယ်။
Amen 🙏

#Word4uToday
#RobinSharing
#MyDevotion
Screenshot